Cash In Safe Insurance Product Information
ငွေသားလုံခြုံမှုအာမခံ
ရည်ရွယ်ချက်
နိုင်ငံပိုင်လုပ်ငန်းများ၊ သမဝါယမပိုင်လုပ်ငန်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းများသည် မိမိလက်ဝယ်ရှိငွေများကို လုပ်ငန်း တည်ရှိရာ နေရာတွင် ရုံးပိတ်ရက်များအပါအဝင် သိမ်းဆည်းစဉ် ဖောက်ထွင်းခိုးယူခံရခြင်းကြောင့်ဆုံးရှုံးသွားသောငွေကို ပြန်လည် အစားထိုးရရှိနိုင်ရန် ငွေသားလုံခြုံမှုအာမခံထားရှိကြပါသည်။
အာမခံထားသူ
လုပ်ငန်းပိုင်ရှင်များထားနိုင်ပါသည်။
အာမခံထားမည့်အကြောင်းအရာ
သိမ်းဆည်းမည့်ငွေသားများကိုအာမခံထားနိုင်ပါသည်။
အာမခံသက်တမ်း
၁ နှစ်ထားရှိရပါမည်။
အာမခံထားငွေ
သိမ်းဆည်းမည့်ငွေပမာဏကိုထားရှိနိုင်ပါသည်။
ရရှိမည့်အကာအကွယ်
သိမ်းဆည်းထားသည့်ငွေများကို ဖောက်ထွင်းခိုးယူခံရခြင်း၊ လက်နက်ဖြင့်ခြိမ်းခြောက်၍ လုယူခံရခြင်းများအန္တရာယ်မှ အကာအကွယ် ပေးပါသည်။
ပရီမီယံနှုန်း
အာမခံထားငွေအပေါ်အနည်းဆုံး ဝ.၅၀% မှ အများဆုံး ၁% ဖြစ်ပါသည်။ ငွေထားရှိသည့် အဆောက်အဦးတည်နေရာ အချက်အချာကျမှု၊ ခိုင်ခန့်မှု၊ ငွေသိမ်းဆည်းသည့်အခန်း၊ ငွေသေတ္တာလုံခြုံကောင်းမွန်မှုအရ လျှော့နှုန်းခံစားခွင့်များ ရှိသဖြင့် အနည်းဆုံးပရီမီယံနှုန်းမှာ ဝ.၂၀% သာရှိပါသည်။