Group Life Insurance Product Information
စုပေါင်းအသက်အာမခံ
အသက် ၁၈နှစ်မှ ၆၀နှစ်အရွယ်ရှိ မျက်မြင်ကျန်းမာသူများ ထားနိုင်ပါသည်။ အနည်းဆုံး ၅ ဦး စုပေါင်းထားရှိရပါမည်။
အာမခံသက်တမ်း
(၁) နှစ် ထားရှိရပါမည်။
ရည်ရွယ်ချက်
မိမိအတွက် ငွေစုဆောင်းခြင်း သို့မဟုတ် မိမိကိုမှီခိုသူများငွေကြေးအထောက်အပံ့ရရှိစေရန် စီစဉ်သည့် အာမခံ အမျိုးအစားဖြစ်ပါသည်။
အာမခံထားငွေ
အနည်းဆုံး ကျပ် (၁) သောင်းမှ အများဆုံး ကျပ် သိန်း (၅၀) အထိထားရှိနိုင်ပါသည်။
ရရှိမည့်အကာအကွယ်
သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း တို့အတွက် အာမခံအကာအကွယ်ရနိုင်ပါသည်။
ပရီမီယံနှုန်း
အာမခံထားငွေအပေါ် ၁% ပေးဆောင်ရပါမည်။
အကျိုးခံစားခွင့်များ
- ထိခိုက်ဒဏ်ရာရမှုအမျိုးမျိုးအတွက် အာမခံထားငွေအပေါ် သတ်မှတ် ရာခိုင်နှုန်းဖြင့်အကျိုးခံစားခွင့်ပေးပါသည်။
- သေဆုံးပါက မှီခိုသူများအတွက် အာမခံထားငွေအပြည့် အကျိုးခံစားရ့ပါသည်။