ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

 

"အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်မှ ၂၄ နာရီ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်"

Personal Accident Insurance Product Informaion

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

ရည်ရွယ်ချက်

- မည်သူမဆို မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ 

- မစွမ်းမသန်ဖြစ်ခြင်း၊ 

- ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်းစသည်များဖြစ်ပွားသည့်အခါငွေကြေးအထောက်အပံ့ရရှိစေရန်

အာမခံထားနိုင်ခွင့်ရှိသူ

- အသက် ၁၆ နှစ်မှ ၆၅ နှစ်ထိ ကျန်းမာရေးကောင်းမွန်သူတိုင်း အာမခံ ထားရှိနိုင်ပါသည်။

- အရွယ်မရောက်သေးသူအတွက် မိဘ(သို့) အုပ်ထိန်းသူက ထားရှိပေးနိုင်သည်။

အကျိုးခံစားခွင့်ရှိသူ

- သေဆုံးမှုအတွက် အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူ (အာမခံထားသူက ရွေးချယ်သူ)

- ထိခိုက်ဒဏ်ရာရရှိမှုအတွက် အာမခံထားသူကိုယ်တိုင်

အာမခံအကာအကွယ်

မတော်တဆထိခိုက်မှုကြောင့်-             

- သေဆုံးခြင်း            

- မစွမ်းမသန်ဖြစ်ခြင်း              

- ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း          

- ခြေလက်အင်္ဂါဆုံးရှုံးခြင်း                  

- ဆေးရုံတက်ရခြင်း               

- အလုပ်မလုပ်နိုင်ခြင်း

အာမခံသက်တမ်း

ပရီမီယံစတင်ပေးသွင်းသည့်နေ့မှစ၍ ၃လ၊ ၆လ၊ ၁နှစ်

အာမခံထားငွေ

အနည်းဆုံးကျပ် ၅သိန်းမှ အများဆုံးကျပ်သိန်း ၂၀ဝ အထိ (သို့) အမေရိကန်ဒေါ်လာ ၁çဝ၀ဝ မှ ၂၀ဝçဝ၀ဝ အထိ ထားရှိနိုင်သည်။

ပရီမီယ

အောက်ပါတိုင်း ကျသင့်ပရီမီယံကို တစ်ကြိမ်တည်းပေးသွင်းရပါမည်-  - အာမခံသက်တမ်း ၁နှစ် (အသက် ၁၆နှစ်မှ ၆၅နှစ်အထိ)  အာမခံထားငွေ၏ ၁.၇%

အာမခံသက်တမ်း ၃လ၊ ၆လ အတွက်  ၁နှစ်သက်တမ်း၏ အချိုးကျပရီမီယံ

တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းစသော အန္တရာယ်များသည့် အလုပ်အကိုင် အတွက် အပိုပရီမီယံ ၁% ပေးဆောင်ရမည်။

အကျိုးခံစားခွင့်များ

- အကျိုးခံစားခွင့်ရာခိုင်နှုန်း သတ်မှတ်ချက်အတိုင်း ပေးလျော်မည်။

- အာမခံထားသူတစ်ဦးသို့ အများဆုံးပေးလျော်ရမည့် အကျိုးခံစားခွင့်သည် အာမခံထားငွေဖြစ်သည်။

Personal Accident Term and Condition

Personal Accident Insurance Claim Procedure

 

၁။ Claim ပေါ်ပေါက်ပါက Company ၏ Hot Line (09-450450561, 09-450450562, 09-450450563) နှင့် သက်ဆိုင်ရာ Agent ထံသို့ဆက်သွယ်၍ အကြောင်းကြားရန်။

၂။ Company ၏ လမ်းညွန်ချက်အတိုင်း ဆောင်ရွက်ရန်။

 

Claim ဖြစ်ပေါ်ပါက (၂၄) နာရီ ၀န်ဆောင်မှုပေးပါသည်။

 

 

ကိုယ်အင်္ဂါထိခိုက်မှုအာမခံနှင့် ပတ်သက်သော တွက်ချက်မှုကို သိရှိလိုပါက ဒီနေရာတွင် နှိပ်ပါ။

Personal Accident Insurance FAQs

 

Personal Accident Insurance