Cash In Transit Insurance Product Information
ငွေပို့ငွေသယ်အာမခံ
ရည်ရွယ်ချက်
နိုင်ငံပိုင်လုပ်ငန်းများ၊ သမဝါယမပိုင်လုပ်ငန်းများ နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများသည် မိမိလက်ဝယ်ရှိငွေများကို တစ်နေရာ မှ တစ်နေရာသို့သယ်ဆောင်ခြင်း ပြုကြပါသည်။ ထိုသို့ငွေသယ်ဆောင်သည့်အချိန်တွင် လုယက်ခံရခြင်း နှင့် ခိုးယူခံရခြင်းများ ဖြစ်ပွားသည့်အခါ ဆုံးရှုံးမှုကိုရင်းစားပြန်လည်ရရန်အတွက် ငွေပို့ငွေသယ်အာမခံကိုထားရှိနိုင်ပါသည်။
အာမခံထားသူ
လုပ်ငန်းပိုင်ရှင်များထားနိုင်ပါသည်။
အာမခံထားမည့်အကြောင်းအရာ
တစ်နေရာမှတစ်နေရာသို့သယ်ဆောင်မည့် ငွေသားများ
အာမခံသက်တမ်း
၁ရက်မှ၁နှစ်ထားရှိနိုင်ပါသည်။
အာမခံထားငွေ
တစ်ကြိမ်သယ်ယူမည့် ငွေပမာဏကိုထားရှိနိုင်ပါသည်။
ရရှိမည့်အကာအကွယ်
ငွေသားများကိုတစ်နေရာ မှ တစ်နေရာသို့သယ်ဆောင်စဉ်အတွင်းသယ်ယူသူ ၏ ပေါ့ဆမှုကြောင့်လည်းကောင်း၊ လုယက်ခံရခြင်းကြောင့်လည်းကောင်း၊ ခိုးယူခံရခြင်းကြောင့်လည်းကောင်းဆုံးရှုံးသွားသော ငွေများကို ပြန်လည်ရရှိစေရန် အကာအကွယ်ပေးပါသည်။
ပရီမီယံနှုန်း
အာမခံထားငွေအပေါ်အနည်းဆုံး ဝ.ဝ၂၇% မှ အများဆုံး ဝ.ဝ၉% သတ်မှတ်ထားသော်လည်းသယ်ဆောင်သည့်ယာဉ်၊ ငွေသေတ္တာ၊ အစောင့်အရှောက်၊ ခရီးလမ်းကြောင်း၊ နယ်မြေအချက်အချာကျမှုအရ လျှော့နှုန်းခံစားခွင့်များရှိသဖြင့် အနည်းဆုံးပရီမီယံနှုန်းမှာ ဝ.ဝ၁၇% သာရှိပါသည်။