အထူးခရီးသွားအာမခံ

 

"အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်မှ ၂၄ နာရီ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်"

Special Travel Insurance Product Information

အထူးခရီးသွားအာမခံ

ရည်ရွယ်ချက်  

အဝေးပြေးလမ်းမကြီးများတွင် ယာဉ်မတော်တဆ ဖြစ်မှုများကြောင့် ခရီးသွားပြည်သူများ ကြုံတွေ့လာနိုင်မည့် လူမှုရေး၊ စီးပွားရေးဆုံးရှုံးမှုများမှအထိုက်အလျောက်လျော့ပါးပြေလျော့နိုင်ရေးအတွက် အထောက်အပံ့ရရှိစေရန်ဖြစ်ပါသည်။ 

အာမခံထားခွင့်ရှိသူ

ခရီးမိုင်၁၀ဝအထက်ပြေးဆွဲသောအဝေးပြေးမော်တော်ယာဉ်စီးနင်းသည့်ခရီးသည်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များ ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း     

သတ်မှတ် ခရီးစဉ် (အစ မှ အဆုံး) 

ပရီမီယံနှုန်း   

သတ်မှတ်ခရီးစဉ်တစ်ခုအတွက် ၁ယူနစ် ကျပ် ၃၀ဝ(တစ်ဦးလျှင်အများဆုံး၂ယူနစ်သာဝယ်ယူနိုင်ပါသည်။)

အာမခံထားငွေ       

၁ ယူနစ်လျှင် ကျပ်သိန်း ၃၀ ဖြင့် ၂ ယူနစ် ကျပ်သိန်း၆၀အထိထားရှိနိုင်ပါသည်။ 

အာမခံအကာအကွယ်

သတ်မှတ်ခရီးစဉ် သတ်မှတ်ယာဉ်အတွင်းလိုက်ပါလာစဉ်ယာဉ်မတော်တဆထိခိုက်မှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းအတွက်အာမခံအကာအကွယ်ရပါသည်။

အကျိုးခံစားခွင့်       

သေဆုံးခြင်း  

- ၁ ယူနစ်လျှင် ကျပ်သိန်း ၃၀     ဒဏ်ရာရခြင်း   

- ဒဏ်ရာအခြေအနေအရသတ်မှတ်သည့်အချိုးဖြင့်တွက်ချက်ပေးပါသည်။

၁ ယူနစ်အတွက် အများဆုံး ကျပ် ၂၄ သိန်း ရနိုင်ပါသည်။

ဆေးရုံတက်ခြင်း      

- ၁ ပတ်လျှင် ကျပ် ၂၄၀ဝ နှုန်းဖြင့် ၅၂ ပတ်အထိခံစားခွင့် ပေးပါသည်။

 

Special Travel Insurance Term and Condition

Special Travel Insurance Claim Procedure

 

၁။ Claim ပေါ်ပေါက်ပါက Company ၏ Hot Line (09-450450561, 09-450450562, 09-450450563) နှင့် သက်ဆိုင်ရာ Agent ထံသို့ဆက်သွယ်၍ အကြောင်းကြားရန်။

၂။ Company ၏ လမ်းညွန်ချက်အတိုင်း ဆောင်ရွက်ရန်။

 

Claim ဖြစ်ပေါ်ပါက (၂၄) နာရီ ဝန်ဆောင်မှုပေးပါသည်။

 

 

အထူးခရီးသွားအာမခံနှင့် ပတ်သက်သော တွက်ချက်မှုကို သိရှိလိုပါက ဒီနေရာတွင် နှိပ်ပါ။

Personal Accident Insurance FAQs

 

Special Travel Insurance