Travel Insurance Product Information
ခရီးသွားအာမခံ
ခရီးသွားအာမခံအမျိုးအစားများ-
- ပြည်တွင်းခရီးစဉ်များ ခရီးသွားအာမခံ
- ခရီးမိုင်(၁၀ဝ)အောက် ခရီးသည်များ သယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်လိုင်းများ (ခရီးတစ်ခေါက်) ခရီးသွားအာမခံ
- ပြည်ပခရီးစဉ်များ ခရီးသွားအာမခံ
အာမခံအကာအကွယ်
ခရီးစဉ်အတွင်း အာမခံလက်မှတ်ဝယ်ယူပြီး စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများ ယာဉ်မတော်တဆထိခိုက်မှု ( ဗခခငိနညအ ) ကြောင့်
- အသက်ဆုံးရှုံးခြင်း၊
- ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း
- ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် အကာအကွယ်ပေးပါသည်။
အသက်ကန့်သတ်ချက်
- အသက်အရွယ်ကန့်သတ်ချက်မရှိပါ။
အာမခံသက်တမ်း
ပြည်တွင်းခရီးစဉ်များအတွက် နေ့ချင်းပြန်(၁)ရက်ခရီးမှ အများဆုံး(၃)လခရီးအထိ
ခရီးမိုင်(၁၀ဝ)အောက် သယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်လိုင်းများအတွက် ခရီးတစ်ခေါက် (ခရီးစဉ်အစမှအဆုံးအထိ)
ပြည်ပခရီးစဉ်များအတွက် နေ့ချင်းပြန် (၁)ရက် ခရီးမှ အများဆုံး (၃)လ ခရီးအထိ
အာမခံထားငွေ
ပြည်တွင်းခရီးစဉ်
အနည်းဆုံး (၁)ယူနစ် ကျပ်(၅)သိန်းမှအများဆုံး
(၂၀)ယူနစ်ကျပ်သိန်း(၁၀ဝ)အထိ
ခရီးမိုင် (၁၀ဝ)အောက် ခရီးစဉ်
ခရီးမိုင် (၁၀ဝ)အောက် ခရီးသည်များသယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်လိုင်းများ ခရီးစဉ်အာမခံ ထားငွေ ပုံသေကျပ် သိန်း (၂၀)
ပြည်ပခရီးစဉ်
အနည်းဆုံး(၁)ယူနစ် ကျပ်(၅)သိန်းမှ အများဆုံး(၂၀)ယူနစ် ကျပ်သိန်း(၁၀ဝ)အထိ
အာမခံထားနိုင်သူများ
- ပြည်တွင်း၊ ပြည်ပခရီးစဉ်ကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စင်းလုံးအဌားယာဉ်ဖြင့် စီးနင်းလိုက်ပါမည့် ခရီးသည်များ၊
- အများပြည်သူသုံးယာဉ်လိုင်းများဖြင့် စီးနင်းလိုက်ပါသည့်ခရီးသည်များ
အသက်ဆုံးရှုံးမှုလျော်ကြေး
အာမခံထားသူသေဆုံးလျှင် အာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းပေးသူသို့ ထုတ်ပေးပါမည်။